• LOGIN
  • No products in the cart.

” ကျရှုံးခြင်းရဲ့ အစစ်အမှန်က လက်လျော့လိုက်ခြင်းပဲ ” လို့ ပြောခဲ့တဲ့သူ

” ကျရှုံးခြင်းရဲ့ အစစ်အမှန်က လက်လျော့လိုက်ခြင်းပဲ ” လို့ ပြောခဲ့တဲ့သူ၊ သာမာန် စက်ရုံအလုပ်သမလေးနဲ့ ဓါတ်ပုံဆရာတစ်ယောက်ရဲ့ သား၊ ယနေ့တော့ အာရှတိုက်ရဲ့ ဘီလ်ဂိတ်လို့ခေါ်ခံရတဲ့သူ ။ ။ ။ ။

“ဘယ်လိုကြိုးစားပြီး ဘယ်လိုဖြစ်လာလည်း ကျနော်တို့လေ့လာ ကြည့်ရအောင် ”

ငယ်စဉ်ကလေးဘဝတည်းက အင်္ဂလိပ်စာကို အရမ်းသင်ချင်တဲ့အတွက် နေ့စဉ်နံနက် 5း00 နာရီလောက်အိပ်ယာထပြီး အိမ်ကနေ မိုင်(70)လောက်ဝေးတဲ့ Hangzhou international hotel ကို စက်ဘီးနဲ့လာပြီး ၊ အဲ့ဒီကိုလာတဲ့ tourists တွေကို အခကြေးငွေမယူပဲ လိုက်လံ ရှင်းပြရင်း အင်္ဂလိပ်စာကို သူတို့ဆီကနေ လေ့လာခဲ့တယ် ။ ။ ။ ။

မိုးရွာရွာ ၊ နေပူပူ ၊ နှင်းကျကျ သူမပျက်မကွက် မဆုတ်မနစ် ကြိုးစားခဲ့တယ်။ ။ ။
သူဟာ အင်္ဂလိပ်စာပေကို လေ့လာရင်း 9နှစ်လောက် ပေးဆပ်ခဲ့ရတယ်။ ။ ။ ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ အင်္ဂလိပ်စာအပြင် ၊ သူ့မှာ စာပေး စာယူ အဆက်သွယ်ရတဲ့ထိ ခင်မင်တဲ့ နိုင်ငံခြားသားမိတ်ဆွေများစွာ ရရှိခဲ့တယ် ။ သူတို့ဆီကနေ အကြံဉာဏ်ကောင်းတွေလည်း ရခဲ့တယ်။ ။ ။
သူတို့ကပဲ သူ့ကို ဂျက်လို့ ခေါ်ခဲ့ကြတယ် ။ ။ ။ ။

သူ့ရဲ့ငယ်စဉ် ဘဝမှာ ကောလိပ်တက်ဖို့တောင် အနိုင်နိုင်ရုန်းကန်ခဲ့ရတယ် ။ ။ ။ ။
တစ်နှစ် တကြိမ်သာ ကျင်းပတဲ့ တက္ကသိုလ်စာမေးပွဲကိုလည်း သုံးကြိမ်ကျရှုံးပြီး လေးကြိမ်မြောက် ဝင်ရောက်ဖြေဆိုမှ အောင်မြင်ခဲ့တယ် ။ ။ ။ ။

တက္ကသိုလ်မှာလည်း သူ သင်္ချာ ကို တစ်မှတ် ပဲ ရလို့ ကျရှုံး ခဲ့ပြီး နောင်နှစ်မှာ ပိုကြိုစားပြီး စာမေးပွဲ အောင်မြင်ခဲ့ပါတယ် ။ ။ ။
ဟားဗတ် တက္ကသိုလ်ကို လျှောက်တော့လည်း 10ကြိမ်တိတိ ပယ်ချခံခဲ့ရတယ် ။ ။ ။
Hangzhou Normal University မှာပဲ 1988 ခုနှစ် အသက်(24) မှာ B.A(English) ဘွဲ့ရခဲ့တယ် ။ ။ ။
အဲ့ဒီမှာပဲ အင်္ဂလိပ်ဆရာ ပြန်ဖြစ်လာခဲ့တယ် ။ ။ ။ ။
ပညာရေးအတွက်တင် ရုန်းကန်ခဲ့ရတာ မဟုတ်ပါဘူး ။ ။ ။
အလုပ်ရဖို့အတွက်ဆိုတော့လည်း မလွယ်ကူခဲ့ပါဘူး …
အလုပ်ပေါင်း 30 လောက်လျှောက်တာတောင် တခုမှ မရခဲ့ဘူး ။ ။ ။
KFC ကြက်ကြော်ဆိုင်လာဖွင့်လို့ ဝန်ထမ်းခေါ်တော့ 24ယောက်လျှောက်တယ် 23 ယောက်ခန့်တယ် ။ ။ ။
သူမပါခဲ့ဘူး . . . . .
ကျောင်းမှာတောင် သူ့အားနည်းချက်ဖြစ်တဲ့ လူကောင်သေးလို့ အနိုင်ကျင့်ခံရတာကို ထိုက်ကျိ ပညာတတ်အောင်သင်ပြီး အနိုင်ကျင့်မှုတွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့ရတယ် ။ ။ ။

အင်္ဂလိပ်စာသင်တဲ့ကျောင်းဆရာလုပ်နေရင်းနဲ့ 1994 မှာ သူအင်တာနက်ဆိုတာကို စကြားဖူးတယ် ။ ။ ။
1995 မှာ သူနိုင်ငံခြားကို သွားခွင့်ရခဲ့တယ် ။ သူ့ရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှုက အထောက်အကူဖြစ်စေတာပါပဲ။ အဲ့ဒီမှာ အင်တာနက်ရဲ့ အသုံးဝင်ပုံ ၊ တန်ဖိုးကြီးမားပုံကို မျက်ဝါးထင်ထင် တွေ့ရှိခဲ့တယ်။ အင်တာနက်ဆိုတာကို အသုံးချတတ်အောင်သင်ယူခဲ့တယ်။။

သူ့ရဲ့ လေ့လာ မှုက သူ့အတွက် အသုံးဝင်လာခဲ့တယ်။
1999 မှာတော့ သူများတွေ တွေးတောင်မတွေးသေးတဲ့ အင်တာနက်ပေါ်ကနေ ဈေးရောင်းမယ်ဆိုတဲ့ အတွေးကို သူ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်။

အလီဘာဘာ လုပ်ငန်းစုကြီးရဲ့ အစ Alibaba.com ပဲဖြစ်ပါတယ်။ ။
သူများတွေ တွေးနေချိန်မှာ သူက စတင်လုပ်ဆောင်ခဲ့တယ်။ ။ ။ ။
သူ့လုပ်ငန်းအောင်မြင်တော့လည်း သူတို့ အစိုးရက သူ့လုပ်ငန်းကို အခွန်ကိစ္စနဲ့ ပတ်သတ်ပြီး ထိုးနှက်မှုတွေလုပ်လို့ မပြိုလဲသွားအောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရင်း ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တယ် ။ ။

သူဘယ်သူလည်း …..? ? ? ? ?

သူဘယ်သူလည်း ဆိုတာ အားလုံးလည်း သိလောက်ပါပြီ ။ ။ ။

အလီဘာဘာ(Alibaba.com) တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ၊ တရုတ်ပြည်ရဲ့ နံပါတ် (2) အချမ်းသာဆုံး ပုဂ္ဂိုလ် ၊ Forbes မဂ္ဂဇင်းရဲ့ ပထမဆုံး ဖော်ပြခံရတဲ့ တရုတ်နိုင်ငံသား ၊
သာမာန်ကျောင်းဆရာလေး ဘဝကနေ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် (20)ဖြစ်လာသူ ၊ တရုတ်ပြည်နဲ့ အာရှတိုက်ရဲ့ ဘီလ်ဂိတ် ..

ကျနော်တို့အားလုံး သိတဲ့ ” ဂျက်မား” ပါပဲ ။ ။ ။ ။

ဂျက်မားဟာ ခင်ဗျားတို့ ကျနော်တို့လို သာမာန်လူ ၊ သာမာန်ဉာဏ်ရည်ပါပဲ ။ ။ ။

ဒါပေမဲ့ သူလိုချင်တာကိုရဖို့ သူမဆုတ်မနစ် ကြိုးစားခဲ့တယ် ၊
ကျရှုံးမှုတွေ ၊ ဆုံးရှုံ့းမှုတွေကို သူ လက်လျော့ အရှုံးမပေးခဲ့ဘူး ။ ။ ။
လက်လျော့တတ်တဲ့စိတ် ၊ အရှုံးပေးတတ်တဲ့စိတ်ကို သူ အနိုင်ယူခဲ့တယ် ။ ။
သူ့အားနည်းချက်တွေကို မြင်အောင်ကြည့်တယ်၊ သင်ယူတယ် ၊ ဖြည့်ဆည်းတယ်။
သူများနဲ့မတူအောင်တွေးတယ်၊ သူများတွေ မမြင်တာကို မြင်အအောင်ကြည့်တယ် ။ ။ ။
သူများတွေ တွေးနေချိန်မှာ သူက စတင်အကောင်အထည်ဖော်တယ် ။ ။ ။
လိုချင်တာကိုရဖို့ ရှက်စိတ် ၊ အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေကိုဖယ်ထားပြီး သူလိုချင်တာကို အရယူခဲ့တယ် ။ ။
…………………………………………………………………………..
ဒါဆိုကျနော်တို့ရော ကိုယ်လိုချင်တာကို အရယူဖို့ အဲ့လိုမျိုး မဆုတ်မနစ်ကြိုးစားဖူးသလား။
အခက်ခဲတွေ့တိုင်း ရဲရဲ ဝံ့ဝံ့ ရင်ဆိုင်ဖူးသလား။
သူများတွေ ညည်းတွားနေချိန်မှာ ကိုယ့်ကရော ညည်းတွားနေတုန်းလား ။ ။ ။
ကိုယ့်ကိုကိုယ်ရော ဘယ်အရာတွေက အားနည်းချက် ဘယ်လိုဖြည့်ပြီး
ဘယ်အရာတွေက အားသာချက် ဘယ်လိုအသုံးချမယ်ဆိုပြီးရော တွေးဖူးရဲ့လား ။
…………………………………………………………………………
သူပြောခဲ့တဲ့ စကားများစွာရှိတဲ့အနက်က ကျနော်အကြိုက်ဆုံး စကားလေး နှစ်ခွန်းရှိပါတယ် ။ ။ ။
1.” အားလပ်ချိန်မှာ မင်းဘယ်လိုနေသလည်းက မင်းဘဝကို ဆုံးဖြတ်ပေးလိမ့်မယ်တဲ့ ” .
2.” ကျရှုံးခြင်းရဲ့ အစစ်အမှန်က လက်လျော့လိုက်ခြင်းပဲတဲ့ ”
…………………………………………………….
ဒါဆို ကျနော်တို့…
အားလပ်ချိန်တွေမှာ လေ့လာသင်ယူယင်း အချိန်ကို အကျိုးရှိရှိ အသုံးချကြည့်ရအောင်ပါ။
စိတ်ပျက်ဝမ်းနည်းနေမဲ့အစား ခုပဲ ထပြီး ကြိုးစားကြည့်ရအောင်ပါ ။
လက်လျော့အရှုံးပေးမဲ့အစား ပြန်ထပြီး လုပ်ဆောင်ကြည့်ရအောင်ပါ ။ ။ ။ ။ ။
အခက်အခဲဆိုတာတွေကို နင်လားဟဲ့ဆိုပြီး ရင်ဆိုင်ကြည့်ရအောင်ပါ ။ ။ ။ ။
အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လှမ်းကြည့်ရအောင်ပါ ။ ။ ။ ။ ။

ကိုးကား -wikipedia ၊ ဆရာဟိန်းလတ်၏ ဂျက်မား

March 10, 2020

0 responses on "" ကျရှုံးခြင်းရဲ့ အစစ်အမှန်က လက်လျော့လိုက်ခြင်းပဲ " လို့ ပြောခဲ့တဲ့သူ"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X