
အချို့ က ဘဝဟာ တိုက်ပွဲ လို့ ပြောကြတယ်။
အချို့ က ဘဝဟာ စစ်ပွဲ လို့ ပြောကြတယ်။
မှန်ပါတယ် ဘဝ ဟာ တိုက်ပွဲလည်း ဖြစ်သလို၊ စစ်ပွဲ လည်း ဖြစ်ပါတယ်။
တိုက်ပွဲ နဲ့ စစ်ပွဲ မှာ ကွာခြားမှု တွေ၊ ခြားနားချက်တွေ ရှိပါတယ်။ တိုက်ပွဲ ဟာ စစ်ပွဲ မဟုတ်သလို၊ စစ်ပွဲ ဟာလည်း တိုက်ပွဲ မဟုတ်ပါဘူး။
ဒီကမ္ဘာကြီးမှာ အသက်ရှင်တဲ့ အခါ တစ်ခါတစ်ရံ စိတ်ဓာတ်ကျတယ်၊ ဝမ်းနည်းတယ်။ အချို့သူတွေက စိတ်ဓာတ်ကျဝမ်းနည်းရုံတင် မဟုတ်ပဲနဲ့ ဘဝ က အဆုံးသတ်ချင်စိတ် ပေါ်လာတဲ့ သူတွေ အများအကြီးရှိပါတယ်။
တစ်ခါတစ်ရံ ဘဝ မှာ လဲ ကျသွားရတဲ့ အခိုက်အတန့်တွေ အများကြီးရှိပါတယ်။ ဒါဟာ တိုက်ပွဲ ရှုံးသွားတာပါ။ စစ်ပွဲ ရှုံးသေးတာ မဟုတ်ပါဘူး။ တိုက်ပွဲဆိုတာ လက်နက်ကိုင်ခြင်း လက်နက်ကိုင်ခြင်း နေ့တိုင်းလိုလို တိုက်နေတဲ့ စစ်ပွဲ အသေးစားလေး ဖြစ်ပါတယ်။ တိုက်ပွဲ ရှုံးတဲ့ အတွက် စခန်းပေးလိုက်ရတဲ့ ဆုံးရှုံးမှုပဲ ရှိပါတယ်။
ဒါကြောင့် တိုက်ပွဲ ဆုံးရှုံးခြင်းက ကြီးမားတဲ့ဆုံးရှုံးမှုကြီး မဟုတ်သေးပါဘူး။ ဒါပေမဲ့ စစ်ပွဲ ကြတော့ စစ်ပွဲဟာ နိုင်ငံတစ်နဲ့ တစ်နိုင်ငံ၊ ပြည်နယ် တစ်ခု နဲ့ ပြည်နယ်တစ်ခု ၊ တိုင်းတစ်ပါး တစ်ခု နဲ့ တိုင်းတစ်ပါး တစ်ခု တိုက်ရတဲ့ စစ်ပွဲ ဖြစ်ပါတယ်။
စစ်ပွဲ ကြီး ရှုံးခဲ့ရင် နိုင်ငံသူ နိုင်ငံသားအားလုံး ဒုက္ခရောက်တဲ့ အပြင် ကိုယ့်ရဲ့ သယံဇာတတွေ ပါ ဆုံးရှုံးလိုက်ရတာပါ။ လူဘဝ မှာလည်း တိုက်ပွဲ မြောက်မြားစွာ ရင်ဆိုင်ဖို့ ရှိပါတယ်။ ကျန်းမာရေး တိုက်ပွဲ၊ ပညာရေးတိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲ၊ လူမှုရေး တိုက်ပွဲ စတဲ့ တိုက်ပွဲ မြောက်မြားစွာကို ရင်ဆိုင်ရပါတယ်။
မိတ်ဆွေ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ် ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး၊ နိုင်ငံရေး သမား တစ်ယောက် ဖြစ်ချင်တယ် မအောင်မြင်ခဲ့ဘူး။ အကြိမ်ကြိမ် အလီလီ ရှုံးနိမ့်ခဲ့တယ်။ ဒါတွေ ဟာ တိုက်ပွဲ လေး ပဲရှုံးတာပါ။
တိုက်ပွဲ ရှုံးလို့ ဘဝ တစ်ခုလုံးကို စစ်ပွဲ ရှုံးသလို မကျရှုံးလိုက်စေချင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်၊ နယ်ဆင်မင်ဒဲလား၊ ဂန္ဒီ တို့ဟာ တိုက်ပွဲ မြောက်မြားစွာကို ရှုံးခဲ့တဲ့ သူတွေပါ။
ဒါပေမဲ့ နောက်ဆုံးမှာ သူတို့ စစ်ပွဲ ကိုတော့ နိုင်အောင် တိုက်နိုင်ခဲ့ကြတဲ့ သူတွေပါ။
မိတ်ဆွေ ရဲ့ ဘဝ မှာ အခု လတ်တလော တိုက်ပွဲလေးတွေ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေပါလိမ့်မယ်။
ဒါပေမဲ့ စစ်ပွဲ မရှုံးသရွေ့ မိတ်ဆွေ မကျရှုံးသေးပါဘူး။ အရှုံးပေးစရာ မလိုပါဘူး။ ပြန်ထပြီး ပြန်တိုက်ပါ မိတ်ဆွေ။
0 responses on "အခုတိုက်နေတာ စစ်ပွဲလား၊ တိုက်ပွဲလား (War or Battle ?)"