
#ဖတ်ရန်ကြာချိန်(၂)မိနစ်
မေးခွန်းလေး တစ်ခု နဲ့ စချင်ပါတယ်။
အောင်မြင်မှုကို အသက်ငယ်ငယ် နဲ့ ရချင်ပါသလား။ ?
လူတော်များများ ရဲ့ အဖြေက ရှင်းပါတယ်။ ရချင်ပါတယ်လို့ဖြေမှာပါ။ ဒါပေမဲ့ အောင်မြင်မှု၊ လူအများလေးစားအားကျရမှုနဲ့ ခေါင်းဆောင်မှုဆိုတဲ့ အရာကို ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ်အချိန်တိုတို လွယ်လွယ်နဲ့တော့ ဖြစ်လာတာ မဟုတ်ပါဘူး။
လူငယ်တော်တော်များက အောင်မြင်မှု နဲ့ အတူ ထိပ်ပိုင်းခေါင်းဆောင်နေရာများကို အချိန်တိုတို နဲ့ရဖို့ ရည်မှန်းချက်ထားကြပါတယ်။ သူတို့ မျှော်မှန်းထားသလို ပဲ ဖြစ်လာတဲ့ သူအချို့လည်း ရှိကြပါတယ်။
သူများအောင်မြင်မှုကို ကြည့်ပြီး ဖြတ်လမ်းနည်းနဲ့ နေရာတစ်ခု မှာ ခေါင်းဆောင်မြန်မြန် ဖြစ်လာချင်ကြပါတယ်။ အလွယ်ပြောရင်တော့ ဘဝ ကို မန်းပြီးတော့ အမြင့်တက်ချင်တဲ့ သဘောပါ။
သူတို့ လိုချင်တဲ့ နေရာကို ရကြပါတယ်။ ရောက်လည်း ရောက်ကြပါတယ်။ ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာ ပြန်ပြီးတော့ ပြုတ်ကျသွားတယ်။ နှစ်ကာလ အပိုင်းအခြား လေး အတွင်းမှာ ပဲ ပြန်ပြီးတော့ ပျောက်သွားကြတဲ့ လူငယ်တွေ အများအကြီးပါပဲ။
အချို့ဆိုလည်း ဘယ်လို မှ ပြန်ပြီး အစမပြုနိုင်တော့တဲ့ အထိ ဆုံးဆုံးနစ်သွားရတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ ပြန်ပြီးတော့ ကို တက်မလာနိုင်တော့တာပါ။
ဒီလို အဖြစ်တွေ ကို နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေး နယ်ပယ်မှ တော်တော်များများအခုဒီဘက်နောက်ပိုင်းမှာ တွေ့လာရပါတယ်။
ဒါတွေ က ဘာဖြစ်လို့လဲ ၊ ဘာကြောင့်လဲ၊ သူတို့ ဘာကြောင့် ရေရှည်အောင်မြင်မှုကို မရကြတာလဲ။
ဒီနေရာမှာ သူတို့ ခေါင်းဆောင် ဖြစ်ဖို့၊ အောင်မြင်မှု ရဖို့ လမ်းကြောင်း ရချိန်မှာ မြန်မြန်ရောက်ဖို့လမ်းကိုပဲ ရွေးခဲ့ကြလို့ဆိုတာ သွားတွေ့ရပါတယ်။
တိုတိုပြောရရင် ဖြတ်လမ်းကို တအား ကြိုက်ကြလို့ပါ။ ခေါင်းဆောင်ဖြစ်ချင်တဲ့သူ၊ အောင်မြင်ချင်တဲ့ သူတစ်ယောက်ဟာ အဓိက အားဖြင့် နာခံခြင်း ဆိုတဲ့ လမ်းကြောင်းကို ကောင်းကောင်း နားလည် သဘောမပေါက်ခဲ့ကြသလို၊ ကောင်းကောင်းလည်း မကျင့်သုံးခဲ့ပါဘူး၊ ပြီးတော့ လိုက်လျှောက်ခြင်းလည်း မလုပ်ခဲ့ကြပါဘူး။
နယ်ပယ်အသီးသီး မှာ ခေါင်းဆောင်ကောင်းဖြစ်လာသူတွေ ဟာ နောက်လိုက်ကောင်း ဖြစ်လာခဲ့တဲ့ သူတွေ ကြီးပါပဲ။ မန်းပြီး လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့်သူတို့တွေဟာ တော်တော်လေး ကို နာခံမှု ကောင်းခဲ့တာနဲ့အတူ နောက်လိုက်ကောင်း၊ တပည့်ကောင်း တွေ ဖြစ်ခဲ့ပြီးတော့ အောက်ခြေခိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ အနေနဲ့ Followership ကို နားလည်တယ်။ နောက်လိုက်ကောင်း ဖြစ်ခဲ့တဲ့ သူတစ်ယောက် ဟာ သူခေါင်းဆောင် ဖြစ်လာတဲ့ အချိန်၊ သူအောင်မြင်လာတဲ့ အချိန်မှာလည်း အောက်သက်ကြေသလို၊ အောက်ပိုင်းက လူတွေအတွက်လည်း စာနာနားလည်ပေးနိုင်တဲ့ နှလုံးသားရှိတာကိုလည်းသွား တွေ့ရပါတယ်။
အရာရာ မှာ အဆိပ်အတောက် ဖြစ်စေမဲ့ လုပ်ရပ်တွေကို သူ့အတွက်ရော၊ သူ့ခေါင်းဆောင်နေရတဲ့ အဖွဲ့အစည်းအတွက် မဖြစ်အောင် သတိထားတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပါ ပိုင်ဆိုင်ထားတတ်ကြပါတယ်။
ဒါ့အပြင်ရေတိုလေးကို ပဲ မကြည့်ပဲရေရှည်ကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ပြီး တန်ဖိုးရှိတဲ့ ပန်းတိုင်ကိုလည်း တည်ဆောက်ဖို့ပြင်ဆင်ကြပါတယ်။ ချက်ချင်းလက်ငင်း ခံစားလို့ရတဲ့ အရာတွေကို သိပ်အလေးမထားပဲ နောက်ဆက်တွဲ အကျိုးဆက်တွေ ပါ ထည့်စဉ်းစားတတ်ကြပါတယ်။
ဒါတွေအားလုံးဟာ သူ့အနေနဲ့ နောက်လိုက်ကောင်း အဖြစ် နာခံခြင်း နဲ့ သန္ဓေတည် ဖြတ်သန်းခဲ့လို့ဖြစ်ပါတယ်။
လူတော်တော်များက ဘဝ အတွက် ကြိုတင်ပြင်ဆင်မှု ပိုင်းမှာ တော်တော်လေး အားနည်းတတ်ကြပါတယ်။ ကြိုတင်ပြင်ဆင်မှု ဆိုလိုအလည် အပတ် ခရီးထွက်မဲ့ အချိန်လောက်ပဲ ကြိုတင်ပြင်ဆင်တတ်ကြပြီး အခြားအရာတွေ မှာတော့ ဖြစ်သလို မျှောထားတတ်ကြတာတွေ များပါတယ်။
မိတ်ဆွေ ရဲ့ ဘဝ မှာလည်း လွယ်လွယ်နဲ့ အောင်မြင်ပြီး နေရာတစ်ခု မှာ ခေါင်းဆောင် ဖြစ်ရဖို့ထက် ရေရည်ခိုင်ခံမဲ့ အုတ်ရိုးကို အခိုက်အခံ အခုက စပြီး ကြိုတင်တည်ဆောက်ပါလို့ ခွန်အားပေးလိုက်ပါတယ်။
အဲလ်ဘာ့အိုင်စတိုင်း ရဲ့ စကားလေး နဲ့ ပဲ အဆုံးသတ်ပါမယ်။
“အောင်မြင်မှုရသည်ထက် လူ့အဖွဲ့အစည်းက လက်ခံထားသည့် တန်ဖိုးများနှင့် အညီ ရှင်သန်နေထိုင်သူဖြစ်အောင်ကြိုးစားပါ”
#Coursecom
#Myanmar_Online_Learning
📲 09977770106
0 responses on "နာခံခြင်းနဲ့ သန္ဓေတည်ပါ"