• LOGIN
  • No products in the cart.

ကြီးထွားမှုကို မရပ်လိုက်ပါနဲ့ (Never Stop Growing)

ဆင်တစ်ကောင် က ကိုယ်ဝန်ဆောင်ချိန် ၂ နှစ်ကြာတယ်။ ဆင်က အရွယ်အစားကြီးတော့ ဆင်ပေါက်လေးအတွက် ဖွံဖြိုးကြီးထွားဖို့ အချိန်ပိုယူရတယ်။ ဆင်တွေ က ပုံမှန်အားဖြင့် တစ်ခါ ကိုယ်ဝန်ဆောင်ရင် တစ်ကောင်ပဲ မွေးဖွားပါတယ်။

မွေးပြီးတာနဲ့ ကြီးထွားမှု တန်းရမှာ ဖြစ်တဲ့ အတွက် အချိန်ပိုယူရလေ့ရှိပါတယ်။

တစ်ဖက်မှာတော့ ခွေးတစ်ကောင်က ကိုယ်ဝန်ဆောင်ချိန် (၆၃) ရက်ပဲ ကြာပါတယ်။ (၂)လအတွင်းမှာခွေးတစ်ကောင်က ခွေးပေါက်လေးတွေ အများကြီးမွေးဖွားပေးနိုင်ပါတယ်။

ဆင်တစ်ကောင်ရဲ့ တန်ဖိုး နဲ့ ခွေးတစ်ကောင်ရဲ့ တန်ဖိုး ဟာ နှိုင်းယှဉ်လို့ မရအောင် ကွာခြားပါတယ်။

ဒါက ဘာကိုပြလဲ ဆိုရင် ကြီးထွား ရင်ကျက်မှု အတွက် အများကြီး အချိန်ယူရတယ်ဆိုတဲ့ သဘောပါပဲ။

ဆင်ဟာ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ရင်ဆိုင်ရမဲ့ အခက်အခဲတွေ မနည်းမနောပါပဲ။ ဒါပေမဲ့ ပေါက်ဖွားလာမဲ့ သူ့ရဲ့ မျိုးဆက်ကြီးထွားမှု အတွက် (၂) နှစ် ဆိုတဲ့ အချိန်မှာ သူအကောင်းဆုံး ပြင်ဆင် တတ်ကြပါတယ်။

မိတ်ဆွေ အနေနဲ့လည်း လက်ရှိ အချိန်မှာ အလုပ်တွေ အဆင်မပြေတာ၊ ကြံကြာနေတာ၊ တုန့်ဆိုင်းနေတာ၊ ဘ၀ ရဲ့ ရွေ့လျားမှုက နှေးကွေးနေတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ စိတ်ပျက်မသွားပါနဲ့။ ဒါဟာ မိတ်ဆွေ ရဲ့ ကြီးထွားမှု အတွက် မိတ်ဆွေ အကောင်းဆုံး အချိန်ယူနေရတဲ့ ကာလ ဖြစ်နေလို့ပါပဲ။

တစ်နည်းအားဖြင့် အဲ့လို အချိန်မျိုးဟာ သိပ်ကို အရေးကြီးတဲ့ အချိန်မျိုးပါ။ ငါခက်ခဲ နေပြီ။ ရှေ့ဆက်တိုးလို့ မလွယ်လောက်ပါဘူး ဆိုပြီး အချိုက လမ်းတစ်ဝက်မှာ လှည့်ပြန်ဖို့ ပြင်ကြပါတယ်။ ဒါဟာရှေ့ဆက် ကြီးထွားလာတော့ မဲ့ မိတ်ဆွေ ရဲ့ တက်လမ်းကို မိတ်ဆွေ ကိုယ်တိုင် ရပ်တန့်လိုက်တာပါပဲ။

Nike ရဲ့ ပဲ့ကိုင်ရှင် Phil Knight အကြောင်း တစ်ချက် ကြည့်ရအောင်ပါ။

Nike Brand ကို တည်ထောက်ချိန်မှာ အခက်အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ ကျဆုံးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ လူတိုင်း သရေ ကျနေရတဲ့ Brand တစ်ခု ကို အစဉ် ကြီးထွားမှု မရပ်ပဲ သေချာ တည်ဆောက်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကျော် အချိန်ကပေါ့၊  Phil ကျောင်းပြီး ပြီး(၁၂)နှစ် ကြာတဲ့ အထိ ကားမပိုင်ခဲ့ပါဘူး။ ကားတစ်စီး ဌားချိန်မှာတောင် Credit Card အတွင်းအကြွေးတွေ ပိနေတာကြောင့် လူလိမ်တစ်ယောက်လို့ သူ့ကို စွပ်စွဲ ခဲ့ကြပါတယ်။ အဲ့အချိန်က အကြွေးပေါင်း များစွာ နဲ့ ပိနေသူ လည်း ဖြစ်ပါတယ်။

Phil က Nike အတွက် သူ့ဘ၀ တစ်ခုလုံး ပေးစပ်ခဲ့သလို  သူ့ရဲ့ ကြီးထွားမှုကို ရပ်ပစ်ခြင်း မရှိပဲ၊ အမြဲမြဲ လိုလို လိုအပ်ချက်ပေါင်းများစွာ ကို ပြန်ပြင်ရင်း ကြီးထွားမှုကို အမြဲတည်ဆောက်နေခဲ့တာဖြစ်ပါတယ်။

 

“The Cowards Never Started, and The Weak Died Along the Way” (သရဲဘောကြောင်တဲ့ သူတွေဟာ ဘယ်တော့မှာ မစတင်နိုင်ဘူး၊ ပျော့ညံညံလူတွေ ဟာ လမ်းတ၀က်မှာပဲ ကျဆုံးကုန်ကြတယ်) လို့ Phil Knight ပြောခဲ့ပါတယ်။

အစဉ် ကြီးထွားမှုကို မထိန်းထားနိုင်မှု ကြောင့် လမ်းတစ်ဝက်မှာ လှည့်ပြန်ခဲ့ရသူတွေ ကို သူရည်ညွှန်းပြောဆိုခဲ့တာပါ။

Phil Knight က ဆက်ပြောပါသေးတယ် – “Follow your passion and be crazy and also never stop growing” (စွဲလမ်းမှု နှင့် ရူးသွပ်မှုနောက်လိုက်ပါ ၊ကြီးထွားမှုကို တော့ ရပ်မပြစ်လိုက်ပါနဲ့။)

လက်ရှိ အချိန်မှာတော့ Phil Knight ရဲ့ ကြွယ်ဝမှုဟာ၂၅ ဘီလီယံ ကျော် ခဲ့ပါပြီ။ Nike ကို ကမ္ဘာအရပ်ရပ်မှာ ခွဲဖြန့် ထားနိုင်ပြီး၊ လူတကာ ရူးသွပ်ရတဲ့ Brand ဖြစ်အောင် သူဖန်တီး နိုင်ခဲ့ပါတယ်။

Just Do it ဆိုတဲ့ Nike ရဲ့ ဆောင်ပုဒ်နောက်ကွယ်တွင် Never Stop Growing ဆိုတဲ့ အရာ တစ်ခု နဲ့ Phil အကောင်းဆုံး မောင်းနှင်ခဲ့တာကို လူတော်တော်များများ  သတိမပြုမိကြပါဘူး။

မိတ်တွေ သင်ရော  လမ်းတ၀က်မှာ  ငါ မကြီးထွားနိုင်တော့ပါလားလို့တွေးနေလား။

ရေရှည်မှာ အောင်မြင်မှုတွေ ရဖို့ အတွက် ကြီးထွားမှုကို မရပ်တန့် ပစ်ဖို့ အရမ်းအရေးကြီးပါတယ်။

မိတ်ဆွေ စိတ်ဓာတ်ကျအားငယ်လာ တဲ့ အချိန်တွေ မှာ  ဆင်တစ်ကောင် ကလေးမွေးဖို့ အချိန်ယူရတဲ့ ဥပမာ နဲ့ Nike ရဲ့ပဲ့ကိုင်ရှင် အကြောင်း အမြဲ အမှတ်ရပေးပါလို့ ခွန်အားပေးလိုက်ပါတယ်။

March 10, 2020

0 responses on "ကြီးထွားမှုကို မရပ်လိုက်ပါနဲ့ (Never Stop Growing)"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X