• LOGIN
  • No products in the cart.

ပြေးပါ၊ မရပ်လိုက်ပါနဲ့ (Motivation is my passion)

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပညာရှင်တွေ ပြောခဲ့ဖူးတယ်။ (၄) မိနစ်အတွင်းမှာ (၁) မိုင်ကို ရောက်အောင် မပြေးနိုင်ဘူးလို့။ လူ့ခန္ဓာကိုယ်ကို လေ့လာခဲ့ကြပြီး ပြင်းထန်တဲ့ ဖိအားအောက်မှာ ပြိုလဲ သွားနိုင်တဲ့ ကောက်ချက်ကြောင့် မဖြစ်နိုင်ဘူးလို့ သူတို့ ပြောခဲ့ကြတာပါ။

ဖြစ်နိုင်ရင်တောင် အရမ်းအန္တရာယ်များတယ်လို့ သိပ္ပံ ပညာရှင်အများစု က ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ Roger Bannister ဆိုတဲ့ လူငယ်လေးက ဒါကို မယုံပါဘူး။ သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒ (passion) က သူ့ကို လုပ်နိုင်စေရမဲ့ ဆိုတဲ့ တွန်းအား (motivation) ဖြစ်စေခဲ့ပါတယ်။ မလုပ်နိုင်ဘူးဆိုတဲ့ အတွေးမျိုး သူ့အတွေးထဲမှာ မ၀င်ခဲ့ပါဘူး။

၁၉၅၆ မေလ မှာ သူက (၄) မိနစ်အတွင်း (၁) မိုင် ရောက်အောင် ပြေးပြခဲ့ပြီး သမိုင်းဝင်ခဲ့ပါတယ်။ သူရဲ့ တွန်းအား (motivation) နဲ့ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ (passion) ကို တစ်ထပ်ထဲ အသုံးချခဲ့တာကြောင့် သမိုင်းဝင်အမည်အသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဘယ်သူမှ အရင်က (၄) မိုင်ကို (၁) မိနစ် အတွင်း မပြေးနိုင်ခဲ့တဲ့ အလုပ်ကို သူလုပ်နိုင်ခဲ့ တဲ့အတွက်ပါ။

စိတ်ဝင်စားဖို့ ကောင်းတာက နောက်ထပ် (၄၆) ရက် အကြာမှာ နောက်တစ်ယောက်က သူ့ရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ (၁၀)နှစ် အတွင်းမှာတော့ လူပေါင်း (၃၃၆) ယောက်က (၄) မိနစ်အတွင်း (၁) မိုင်ရောက်အောင် ပြေးပြနိုင်ခဲ့ကြပါတယ်။

ဒါတွေဟာ ဟိုးအရင်နှစ်တွေ တုန်းက မဖြစ်ခဲ့ပဲ အခုမှ ထပ်ခါထပ်ခါ ဘာကြောင့် လုပ်နိုင်သွားရတာလဲ။ Roger Bannister ရဲ့ ပုံသက်သေကြောင့် သူတို့ လုပ်နိုင်သွားခဲ့ကြတာပါ။

လူ့တွေရဲ့ အတွေးထဲက အတားအဆီးကို Roger ရဲ့  Motivation ရှိတဲ့ Passion က ရိုက်ချိုးပြခဲ့လို့ပါပဲ။ အရင်က အပြေးသမားတွေက ပညာရှင်တွေ ပြောတာကိုပဲ ယုံခဲ့ပြီး သူတို့ရဲ့ Passion မပြင်းပြတဲ့ အတွက် မဖြစ်နိုင်ဘူးလို့ပဲ တွင်တွင် ပြောခဲ့ကြတာပါ။

ဒီအတားအဆီကို ဖြိုချပြီးချိန်မှာတော့ မဖြစ်နိုင်တဲ့ အရာကို သူတို့ အားလုံး လုပ်နိုင်ခဲ့ပါတယ်။

သင်ရော အိပ်မက်တွေ မပြည်စုံတော့ဘူး။ အောင်မြင်မှု ရဖို့ မလွယ်တော့ဘူး။ ငါ့လုပ်ငန်းက င့ါအလုပ်က အဆင်မပြေလောက်ပါဘူးလို့ အကြိမ်ကြိမ်တွေး မိနေပါသလား။

ဒါဆိုရင်တော့ သင့်အနေနဲ့ Roger လို့ သင့်အတွေးကို နေရာ ပြန်ချရပါမယ်။ ပိုကောင်းတာ ငါ လုပ်နိုင်တယ်၊ ဆိုတဲ့ Motivation is my passion ဆိုတာကို ပြင်ဆင်ရပါမယ်။

သင့်ရဲ့ ကြီးမားတဲ့ ဖြစ်ချင်တဲ့ ဆန္ဒ (passion) မျိုးစေ့ ရှိတယ်လို့ တွန်းအားပေးနေရင် မဖြစ်နိုင်ဘူးလို့ သင်ထင်ထားတဲ့ အရာတွေကို ချိုးဖျက်လာနိုင်မှာပါ။

ဒီတော့ သင့်ရဲ့ အနာဂတ်အတွက် Motivation ဖြစ်စေမဲ့ Passion ကို သေချာ ပြုစုပျိုးထောင်ပြီး “ပြေးပါ၊ မရပ်လိုက်ပါနဲ့၊ ဆက်ပြေးပါ” သင်လုပ်နိုင်ပါတယ်။ Roger ဟာ အားလုံးအတွက် ပုံသက်သေကောင်းတစ်ခုပါပဲ။

March 10, 2020

0 responses on "ပြေးပါ၊ မရပ်လိုက်ပါနဲ့ (Motivation is my passion)"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X