• LOGIN
  • No products in the cart.

မိမိရဲ့ စိတ်အားထက်သန်ရာ ဝါသနာကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပုံဖော်မယ်ဆိုရင်

#ဖတ်ရန်ကြာချိန် ၃ မိနစ်

ကျနော်တို့သည် ငယ်စဉ်ကလေး ဘဝမှ စတင်၍ ပါလာသော ဝါသနာများ ၊ လူလားမြောက်လာသော အရွယ်တွင် ပတ်ဝန်းကျင်စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော ဝါသနာများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကျပေ ။

လူတိုင်းကိုယ်စီတွင်တော့ ဝါသနာကိုယ်စီရှိကြသည်မှာတော့ အတူတူပင်ဖြစ်သည်။

ယခင် ခေတ်များက ကျနော်တို့လူငယ်များတွင် မိမိဝါသနာနှင့် အသက်မွေး ဝမ်းကြောင်းနေရသော အလုပ်အကိုင်သည် တထပ်တည်းကျပြီး တူညီကျသည်မှာ အင်မတန်မှ နည်းပါးလှသည်။

သို့သော် ယနေ့ခေတ်တွင်

လူငယ်များသည် ဘဝကို ဝါသနာပါရာ စိတ်အားထက်သန်ရာများကို ပြုလုပ်ရင်းဖြင့် ရပ်တည်လာကြသည်။ ဝါသနာပါသည့်အရာ ကို စီးပွားရေး လုပ်ငန်းအဖြစ် ဖော်ဆောင်လာကြသည်။

ထို့ကဲ့သို့ မိမိဝါသနာပါ သည့် အလုပ်များကို ပညာရှင်အဆင့်သို့ မြှင့်တင်ရင်း အောင်မြင်သော စီးပွားရေး လုပ်ငန်းတစ်ခု အသွင်ကူးပြောင်းနိုင်စေရန် ယခုဆောင်းပါးကို ရေးသား ဖော်ပြရခြင်းပင်ဖြစ်ပါသည်။

ဘောလုံး ဝါသနာပါသော လူငယ်များသည် ဘောလုံးသတင်း page များ website များ ထောင်လျက် ဘောလုံး သုံးသပ်ချက်များ ၊ ဆောင်းပါးများ ၊ သတင်းများကို ရေးသားလျက် ဝင်ငွေကောင်း နေကြပေသည်။

ဂိမ်းဝါသနာအိုး လူငယ်လေးများက game review များ ရေးသားခြင်း ၊ နိုင်ငံတကာဂိမ်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် ဝင်ငွေကောင်းမွန်သော ဘဝကို ရပ်တည်နေနိုင်ကြပေသည်။

အင်တာနက်ကို တနေကုန်သုံးနေသော လူငယ်တို့သည် ယနေ့ခေတ်တွင် bloger များ News Web များ Digital Business services များ Social Media Manager များအဖြစ် အသက်မွေး ဝမ်းကြောင်းပြုနေကြပေသည်။

ဒါဆို ကျနော်တို့ စိတ်အားထက်သန်ရာ ဝါသနာကို အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ဘယ်လို ပုံဖော်မလည်း ? ? ?..

 

1. မိမိရဲ့ အမှန်တကယ် ဝါသနာ စိတ်အားထက်သန်သော အရာကို ဖော်ထုတ်ပါ။ Passion

ကိုယ်အမှန်တကယ် ဝါသနာပါရာ၊ တကယ်လည်း စိတ်အားထက်သန်ရာလည်း ဖြစ်ရပါမည်။ သူများ ယောင်လို့ လိုက်ယောင် ၊ သူများ အောင်မြင်တာကြည့်ပြီး အားကျကာ ဝါသနာပါသည် ထင်နေရုံနဲ့ မရနိုင်ပါ။ တကယ့် ဝါသနာအမှန် ဖြစ်ရမည် ၊ စိတ်အားထက်သန်နေသော အရာဖြစ်ရပါမည်။ မိမိ ဘယ်အရာကိုဝါသနာပါမှန်းပင် မသိသော လူငယ်အချို့ကိုလည်း ကြုံဖူးသည်။ ခေတ်စကားနှင့် ဆိုရလျှင် လမ်းပျောက်နေခြင်းပင်ဖြစ်သည်။

 

2. ပညာရှင်အဆင့် ၊ ကျွမ်းကျင်အဆင့်ထိရောက်အောင်လုပ်ပါ။ (Expert)

မိမိဝါသနာပါရာ စိတ်အားထက်သန်ရာကို သိရှိပြီဆိုလျှင် ဝါသနာရှင်အဆင့် မှ သည် ကျွမ်းကျင်အဆင့် ပညာရှင် အဆင့်ထိ တစိုက်မတ်မတ် အရူးအမူး လုပ်ကိုင်ဖို့လိုသည်။

ဥပမာ သင်က ဂစ်တာ ဝါသနာပါသည်ဆိုကြပါစို့။ ဂစ်တာပညာကို တစိုက်မတ်မတ် လေ့လာပြီး ကျွမ်းကျင်အဆင့်ထိ ရောက်လာလျှင် ထိုပညာရပ်ဖြင့် အသက်မွေးလို့ ရနိုင်ပေမည် ။ သို့တည်းမဟုတ် ကျွမ်းကျင်အဆင့်မရောက်ဘဲ ဝါသနာရှင်အဆင့်ဖြင့်သာ ရပ်တန့်နေလျှင် သင်သည် ရပ်ကွက် အုတ်ခုံမှာ တီးနေရသော အဆင့်ကနေ တက်မည်လည်းမဟုတ်ပေ။ အခြား ပညာရပ်များလည်း ထိုနည်း ၎င်းပင်ဖြစ်သည်။ အဆို ၊ အတီး၊ နည်းပညာ ၊ Marketing ၊ ပန်းချီ ၊ သရုပ်ဆောင် ၊ စာရေးဆရာ၊ သတင်းထောက်၊ သရုပ်ဆောင် စသည်ဖြင့် မည်သည့် ပညာရပ်ကိုမဆို တကယ်ဝါသနာပါလျှင် တကယ်လေ့လာပါ ၊ တကယ်လုပ်ပါ ။ တကယ်အောင်မြင်နိုင်ရမည်ဖြစ်သည်။

 

3. အစီစဉ်တကျဆောင်ရွက်ပါ။ (Plan)

ကြိုးစားမှုရှိတာခြင်း အတူတူ Plan ရှိတဲ့သူက ပိုထိရောက် အောင်မြင်နိုင်တယ်ဆိုတာ သင်သိပါသလား။ မိမိဝါသနာ မိမိစိတ်အားထက်သန်ရာကို သိလိုက်ရတဲ့အချိန်မှာ၊ မိမိ ဝါသနာပါရာနှင့် ရပ်တည်မယ်ဟု ဆုံးဖြတ်လိုက်ချိန်မှာ တခါတည်း သွားမဲ့ လမ်းကြောင်းကို အစီအစဉ်ဆွဲရမည်။ ပြီးလျှင် လေ့လာထားသော ပညာရပ်နှင့် သက်ဆိုင်သော မည်သည့် Business မျိုးကို၊ ဘယ်နှ ခုနှစ်တွင် တည်ထောင်မည်ဟု တခါတည်း ရည်ရွယ် သတ်မှတ်ထားရမည်။ ကျနော်ကိုယ်တိုင်လည်း ထိုအတိုင်းပင် လုပ်ဆောင်ပြီး ထိုအတိုင်းပင် ကိုယ်ပိုင် အလုပ်လေးတစ်ခု စတင်နိုင်ခဲ့သည်။

 

4. ခေတ်စနစ်ကို စမ်းစစ်ပါ / ဖြစ်နိုင်ခြေကို တွက်ချက်ပါ။ (Research / Analysis)

ဥပမာသင်က မြန်မာနိုင်ငံ နယ်မြို့လေးတစ်မြို့ကဆိုပါစို့။ သင်ဝါသနာပါရာက ခေတ်ပေါ်အကကိုမှ အရူးအမူးဖြစ်နေတာဆိုလျှင် ကိုယ့်မြို့မှာ ရပ်တည်နေထိုင်လို့ အဆင်ပြေနိုင်ပါ့မလား။ ကိုယ့်ရပ်ရွာမှာ လေ့လာသင်ယူလို့ဖြစ်နိုင်မလားဆိုတာကို ထည့်တွက်ရပါမည်။ အကယ်၍ သင်က မဖြစ် မဖြစ်အောင် လုပ်ကိုင်လိုသူဆိုလျှင် ထိုပညာရပ်များရှိသော အရပ်သို့ ပြောင်းရွှေ့ နေထိုင်နိုင်ရမည် ဖြစ်သည်။ သင်က စက်ရုပ်ပညာကို လေ့လာလိုသူတစ်ယောက်ဆိုလျှင် သို့မဟုတ် သင်က နိုင်ငံရေးကိုဝါသနာပါသူ တစ်ယာက်ဆိုလျှင် စသည်ဖြင့် မိမိနေရာ ၊ ခေတ်အခြေအနေ ၊ သင်ယူနိုင်ခြေ၊ သင်ပေးမည့်သူ ၊ ရပ်တည်နိုင်မှု စသည်တို့ကို ထည့်သွင်း စဉ်းစား တွက်ချက်ရပေမည်။

 

5. စတင္ပါ။ (Start)

သင်ဝါသနာ စိတ်အားထက်သန်ရာနဲ့ အောင်မြင်လိုတယ်ဆိုလျှင် သင်ယခုပဲစတင်လိုက်ပါ။ အချို့ လူတော်-တော်တော်များများကို တွေ့ဖူးသည်။ သို့သော် လူတိုင်းအောင်မြင်နေကြသည် မဟုတ်ကြပေ။ ဘယ်အရာက ကန့်သတ်ထားသနည်း ။ အခြားအရာမဟုတ်ပါ စိတ်ကူးတွင် ပုံဖော်နေသူ နှင့် လက်တွေ့ စတင်လုပ်ဆောင်သူ အဖြစ် ကွာခြားသွားကြလေသည်။

လက်တွေ့လုပ်ဆောင်သူသည် မှားယွင်းသွားလျှင်တောင် သင်ခန်းစာယူကာ ၊ နောက်တကြိမ် ထပ်မံ ကြိုးစားလျှင် အောင်မြင်နိုင်ကြသည်။

စိတ်ကူးသမားများတွင်တော့ မည်သည့်အခါမှ အောင်မြင်နိုင်ကြမည် မဟုတ်ပေ။ အလုပ်တခု အောင်မြင်ရန် အလိုအပ်ဆုံးမှာ ပထမဆုံးခြေလှမ်းပင်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ပညာရှင်များက အဆိုပြုကြသည်။ ထို့ကြောင့် သင့်ကိုယ်သင် သိပြီဆိုလျှင် ယခု အချိန်ကပင် စတင်အကောင်ထည်ဖော်လိုက်ပါ။

#Coursecom

#onlinelearning

March 10, 2020

0 responses on "မိမိရဲ့ စိတ်အားထက်သန်ရာ ဝါသနာကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပုံဖော်မယ်ဆိုရင်"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X