• LOGIN
  • No products in the cart.

လုပ်ငန်းခွင်ဝင်နေသူများ Onlineသင်ခန်းစာလေ့လာသင့်သည့်အကြောင်းရင်း၎ချက်

အွန်လိုင်းမှ သင်ခန်းစာများလေ့လာသင်ကြားသည့် စံနစ်သည် နည်းပညာနှင့်အတူ ပြောင်းလဲတိုးတက်လာသော ခေတ်မီ ပညာသင်ကြားရေးပုံစံတစ်ခုဖြစ်သည်။

သုတေသနပြုချက်များအရ အွန်လိုင်းမှ ပညာသင်ယူနေသည့် သင်တန်းသားများမှာ အသက် ၂၉နှစ် မှ ၃၃ နှစ် ဝန်းကျင်ရှိသူများဖြစ်ပြီး အများစုမှာ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်အတွက် လိုအပ်သော အရည်အချင်းများအား လေ့လာသင်ယူနေကြသူများဖြစ်သည်။

လုပ်ငန်းခွင်ဝင်နေသူများ အွန်လိုင်းမှ သင်ခန်းစာများ လေ့လာသင့်ရသည့် အကြောင်းရင်း ၄ချက်ကို ဖော်ပြပေးလိုက်ပါသည်။

လေ့လာသင်ယူရန် အဆင်ပြေသော သင်ခန်းစာများဖြစ်ခြင်း

အွန်လိုင်းသင်ခန်းစားများသည် အချိန်မရွေး သင်ကြားနိုင်ပြီး အလုပ်ချိန်များအတွင်းမှာပင် အားလပ်ချိန် (ကော်ဖီသောက်ချိန်, ထမင်းစားချိန်) တို့ တွင်လေ့လာသင်ယူနိုင်ပါသည်။ ထို့အပြင် အင်တာနက်ရရှိသော နေရာတိုင်းတွင် သင်ယူနိုင်သောကြောင့် မိမိကိုယ်ကို သက်တောင့်သက်သာရှိစေနိုင်မည့် နေရာကို ရွေးချယ်ပြီး အေးအေးဆေးလေ့လာသင်ယူနိုင်သောကြောင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် အဆင်ပြေလှသည်။
ထို့အပြင် လေ့လာသင်ယူနိုင်စွမ်းရှိပါက နိုင်ငံတကာ တက္ကသိုလ်များမှ ဘွဲ့သင်တန်းများကိုပင် တက်ရောက်သင်ကြားနိုင်ပြီး ဘွဲ့ဒီဂရီများ ရယူနိုင်သောကြောင့် သင်တန်းသားများအတွက် အချိန်ကုန် လူပင်ပန်းသက်သာပြီး အကျိုးကျေးဇူးများလှသည်။

သင်ခန်းစာအသစ်များ လေ့လာနိုင်သလို အရည်အသွေးမြှင့် သင်တန်းများလည်းတက်ရောက်နိုင်ခြင်း

အွန်လိုင်းသင်ခန်းစားများကို အိမ်(သို့မဟုတ်) အလုပ်စားပွဲမှ တဆင့် လေ့လာသင်ယူနိုင်ပြီး မိမိတတ်မြောက်ပြီးသော ပညာရပ်များ၏ ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာသော သင်ခန်းစာများကို ဆက်လက်လေ့လာသင်ကြားနိုင်သောကြောင့် မိမိအရည်အချင်းကိုလည်း စဉ်ဆက်မပြတ် တိုးတက်မြင့်မားလာစေနိုင်ပါသည်။

ထို့အပြင် မိမိမတတ်မြောက်သေးသော်လည်း လုပ်ငန်းခွင်အတွက် လိုအပ်သော ပညာရပ်အသစ်များကိုလည်း လေ့လာသင်ယူနိုင်သောကြောင့် လုပ်ငန်းခွင်တွင် စွမ်းဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ပါသည်။

လုပ်ငန်းခွင်အတွက် အဆက်အသွယ်ကောင်းများရရှိနိုင်ခြင်း

အွန်လိုင်းသင်ခန်းစာများလေ့လာသင်ယူချိန်တွင် သင်ကြားပေးသော ဆရာများ၊ မိမိကဲ့သို့ အွန်လိုင်းသင်တန်းတက်ရောက်နေသူများနှင့် မိတ်ဆွေဖွဲ့ကာ သင်ခန်းစာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်းဖြင့် မိတ်ဆွေသစ်များစွာ ရရှိနိုင်ပြီး လုပ်ငန်းအတွက် အထောက်အကူပြုနိုင်သော အဆက်အသွယ်ကောင်းများနှင့်လည်း ချိတ်ဆက်မိနိုင်ပါသည်။

အွန်လိုင်းသင်ခန်းစာ သင်ယူနေချိန်တွင် သင်ခန်းစာများကို လုပ်ငန်းခွင်အတွင်းဆီလျော်သောနေရာတွင် အသုံးချခြင်းအားဖြင့် မိမိ၏ အလုပ်လုပ်နိုင်စွမ်း (Job performance) ကို ပိုမိုတိုးတက်စေပြီး အဆိုပါ အခြေအနေများကို ဆရာများ သင်တန်းသားမိတ်ဆွေများနှင့် အတူတူ တိုင်ပင်ဆွေးနွေးဝေမျှခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ရရှိနိုင်ခြင်း

အွန်လိုင်းတွင် မိမိစိတ်ပါဝင်စားသော ပညာရပ်အသစ်များကို လေ့လာသင်ယူပြီးနောက် သင်၏ အလုပ်လျောက်လွှာတွင် အဆိုပါ သင်ခန်းစာနှင့်ပတ်သက်သော Certificate များကို ထည့်သွင်းလျောက်ထားခြင်းဖြင့် အခြားသော အလုပ်လျောက်ထားသူများကို ယှဉ်ပြိုင်ရာတွင် အခွင့်အလမ်းကောင်းများပိုမို ရရှိနိုင်ပါသည်။ အွန်လိုင်းမှတဆင့် ဘွဲ့ဒီဂရီများ ရယူထားနိုင်ပါက အခြားသူများထက် လုပ်ငန်းခွင်တွင် လိုအပ်သော အရည်အချင်းများ ရှိကြောင်းပြသနိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ မြင့်မားသော ရာထူးများကို ရယူနိုင်ရန် အခွင့်အလမ်းပိုမို များစေနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် အွန်လိုင်းမှ သင်ခန်းစားများကို လေ့လာသင်ယူခြင်းဖြင့် အချိန်နေရာမရွေး လေ့လာသင်ယူနိုင်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သောကြောင့် အလွန်တန်ဖိုးရှိလှသည်။

လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေသူများအနေဖြင့် အွန်လိုင်းမှ ပညာသင်ကြားခြင်းဖြင့် မိမိ၏ လုပ်ငန်းခွင် တန်ဖိုးကို မြှင့်တင်နိုင်သောကြောင့် လေ့လာသင်ယူကြရန် တိုက်တွန်းလိုက်ရပါသည်။

July 14, 2018

0 responses on "လုပ်ငန်းခွင်ဝင်နေသူများ Onlineသင်ခန်းစာလေ့လာသင့်သည့်အကြောင်းရင်း၎ချက်"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X