• LOGIN
  • No products in the cart.

အမြစ်ခိုင်ပါစေ။ (Focus on root)

ပင်စည်ကြီးတဲ့ သစ်ပင်တော်တော်များများ လေတိုက်ရင် မလဲပါဘူး၊ အပင်သေးသေးလေး တော်တော်များများ ကတော့ လေတစ်ချက်တိုက်လိုက်တာနဲ့ ဒုန်းကနဲ လဲကျတော့တာပါပဲ… ကိုယ့်ဘ၀ မှာလည်း ပင်စည်ကြီးတဲ့ အပင် ဖြစ်မလား၊ လေတိုက်ရင် တစ်ချက်ထဲ နဲ့ လဲတဲ့ အပင်ငယ် ဖြစ်မလား ပြန်ဆန်းစစ်ဖို့ တော့ လိုပါတယ်။

ပင်စည်ကြီးတဲ့ အပင်တော်တော်များများ ဘာလို့ မလဲ တာလဲ ဆိုတာ ရှင်းပါတယ်။ သူတို့ ရဲ့ ရေသောက်မြစ်လို့ ခေါ်တဲ့ အမြစ်တွေ ဟာ မြေကြီးထဲမှာ ခိုင်ခိုင်မာမာ ရှိနေတာကြောင့်ပါ။ ဒါကြောင့် အပေါ်မှာ လေဘယ်လောက်တိုက်တိုက် အေးဆေးပါပဲ။

အမြစ်မခိုင်ပဲ ပင်စည်သေးတဲ့ အပင်နဲ့ တူတဲ့ သူတွေ ကတော့ သူ့တို့ ရဲ့ နေ့စဉ် လူမှု ဘ၀တွေ ထဲမှာ ခဏ ခဏ ပြိုလဲလေ့ရှိပါတယ်။ တစ်ခါတစ်လေ ပြိုလဲ ရင် မြင်မကောင်းအောင် ထက်ပိုင်းကြိုးလေ့ ရှိတတ်ပါတယ်။ တော်တော်နဲ့ ပြန်မထ နိုင်တာလည်းတွေ့ရတတ်ပါတယ်။

မိတ်ဆွေ ရဲ့ ဘ၀ မှာ အပင်ကြီးမျိုး ဖြစ်ဖို့ အတွက် ဘာတွေ ပြင်ဆင်ကြမလဲ၊ ဘာတွေ ဆက်လုပ်ကြမလဲ၊?

စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မွေးလာထဲက သေဆုံးချိန်ထိ တော့ လူတွေ အားလုံး မိမိ ပိုင်ဆိုင်ရတဲ့ ဘ၀ အသီးသီးမှာ ဖြတ်သန်း ကြရတာချည်းပါပဲ။ ဒါပေမဲ့ အချို့တွေက တော့ အောင်အောင်မြင်မြင် နဲ့ ဘ၀ ကို ချောချောမောမော ဖြတ်သန်းကြတယ်၊ အချို့လည်း ကြမ်းတမ်းခက်ခဲ စွာနဲ့ ပဲ ဘ၀ ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသူတွေ ရှိပါတယ်။

လူအများစု ဟာ သူတို့ ဆီကို ရောက်ရှိလာမဲ့ အကူအညီပေးမှု တော်တော်များများကို လူတွေ ထံ ကပဲ မျှော်ကြည့်တတ်ကြပါတယ်။ အလုပ်အားဖြင့်၎င်း၊ ငွေကြေးအားဖြင့် ၄င်း သူတို့ ထံ ရောက်လာနိုင်မဲ့ အခွင့်အရေးတွေကို လူတွေ ဆီက ပဲရမယ်လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ ဒီအချက်ဟာ လုံးဝကြီး မမှားသည့်တိုင်အောင် မှန်တယ်လို့လည်း ပြောလို့မရဘူး၊ နောက်ဆုံး အခက်အခဲတွေ ရင်ဆိုင်ကြရတဲ့ အချိန်တော်တော်များမှာ လူတွေ ဟာ လူသားတွေ ထံ က ပဲ ဒူးထောက်ပြီး အကူအညီရယူဖို့ မျှော်လင့်တတ်ကြပါတယ်။ အားကိုးတတ်ကြပါတယ်။ တကယ်တော့ အဖြေ ဟာ သူများဆီမှာထက် ကိုယ့်ဆီမှာပဲ ရှိနေသင့်ပါတယ်။

တကယ်တော့ အဲလို ဖြစ်ရတာဟာ မိမိ ရဲ့ အမြစ်ဖြစ်တဲ့ ရေသောက်မြစ် ကို စနစ်တကျ ခိုင်မာအောင် လုပ်မထားကြလို့ပါပဲ၊ အရေးကြီးဆုံးသော အချိန်တွေ ရောက်လာပြီဆိုရင် လူတွေ ကို ပဲ ပြေးပြေးပြီး အကူအညီတွေ တောင်းကြတာပါ။

အဖြစ်သင့်ဆုံးကတော့ နေ့ရက်စဉ်တိုင်းမှာ အကောင်းဆုံး ပြင်ဆင်မှုတွေ နဲ့ မိမိ ဘ၀ ကို ပြင်ဆင်သင့်ပါတယ်။ တနည်းအားဖြင့် မိမိဘ၀ အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်တာပါပဲ၊ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုကတော့ မိမိ ရဲ့အချိန်ကို မိမိ ပြန်လည် ရှာဖွေပြီး မိမိရဲ့ ရှေ့ခရီးအတွက် စနစ်တကျ Plan လုပ်ဖို့ နဲ့ အသစ်သစ်သော အရာတွေကို တွေးတော ကြံဆပြီး ပြင်ဆင်နေဖို့ပါပဲ။

နေ့စဉ် နဲ့ အမျှ စားဝတ်နေရေးအတွက် လုပ်နေရတဲ့ လုပ်ငန်းခွင်ထဲမှာ ဖြတ်သန်းနေရသူတစ်ဦး အတွက်ကတော့ သူ့ ဘ၀ အတွက် Creative ဖြစ်တဲ့ အရာတွေ ဘာမှာ ဆက်ဖန်တီးနိုင်မှာ မဟုတ်ပါဘူး၊ နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တွေ နဲ့ ငြီးငွေ့စရာ ကုန်ဆုံး သွားတတ်ကြပါတယ်။

အကောင်းဆုံးကတော့ မိမိ ဟာ ဘယ်နေရာမှာ ဖြစ်ဖြစ် မိမိ ရှိမှ ဖြစ်မယ်၊ မိမိ ဟာ ဒီလုပ်ငန်း အတွက် အရေးပါဆုံး သူတစ်ယောက်ဖြစ်ဖို့ ဆိုတဲ့ အချက် ကို တည်ဆောင်သင့်ပါတယ်။ လုပ်ငန်းခွင်တစ်ခု မှာ မဟုတ်ပါဘူး။ မိသားစု အရေး၊ မိတ်ဆွေ အပေါင်းအသင်း ကြာ၊ အသင်းအဖွဲ့တွေ ကြားမှာပါ ဖြစ်သင့်တာပါ။

ဒီလို လုပ်ဆောင်တာဟာ မိမိ ရဲ့ ကွန်ယက်ကို ချဲ့ထွင်ရာလည်း ရောက်သလို၊ မိမိ ကျွမ်းကျင်မှုနဲ့ အတူ မိမိ ရဲ့ စွမ်းဆောင်ရည်တွေကို လိုအပ်တဲ့ နေရာ အသုံးချနိုင်အောင် အမြဲ ချွန်ထက်တဲ့ ဓားတစ်ချောင်းလို သွေးပြီး အသင့်ပြင်ထားဖို့လည်း လိုနေပြန်ပါတယ်။

မိမိ ရဲ့ ရေသောက်မြစ်တွေ နဲ့ တူတဲ့ မိမိ ရဲ့ စွမ်းဆောင်ရည် (skills) တွေဟာ စနစ်တကျ နဲ့ ကောင်းမွန်နေမယ်ဆိုရင် တော့ ပင်စည်ကြီးတဲ့ သစ်ပင် တစ်ပင် ဖြစ်လာမှာပါ။ ကိုယ်က လူတွေ အားကိုးရတဲ့ သူ တစ်ယောက်ဖြစ်ပြီး၊ လူတွေကို အားကိုး တစ်ကြီးမျှော်တလင့်လင့် ဖြစ်နေရတဲ့ အထဲမှာ ပါ မှာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ ဒီလို ဖြစ်ဖို့ဆိုတာကလည်း တော်ရုံကြိုးပမ်းမှု နဲ့ မရသလို၊ ပါရမီလို့ ခေါ်တဲ့ (Gifted) နဲ့ စိတ်ထားထက်သန်မှု (Passion) တို့ လည်း ဘ၀ မှာ အချိုးကျပေါင်းစပ်ရမှာ ဖြစ်ပါတယ်။

အကောင်းဆုံး အကြံပေးချင်တာကတော့ လူတွေ ကို မျှော်ကြည့်ပြီး ဒူးထောက်ရတဲ့ သူမျိုးထက်… မိမိ ကို လူတွေ က အမြဲလိုအပ်နေတဲ့ သူတစ်ယောက်ဖြစ်အောင် မိမိ ရဲ့ ပင်စည်ကို ခိုင်မာအောင် ဖန်တီး ဖို့ လိုတယ်ဆိုတာပါ။

ဘာတွေ ပြင်ဆင်ကြမလဲ…

  • မိမိ ဘာကို စိတ်ဝင်စားဆုံးလဲ ဆုံးဖြတ်ပါ။
  • လုပ်နေရတဲ့ အလုပ်ပေါ်မှာ ကိုယ့်ရဲ့ အခန်းကဏ္ဍ က ဘယ်နေရာမှာ ရှိလဲ ပိုင်းခြားပါ။
  • လူတွေကို အားကိုး တတ်တာထက် လူ များများ နဲ့ သိအာင် ကွန်ယက် ဖြန့်ပါ။
  • မိမိ ကိုယ်ပိုင်အချိန်ရအောင် ဖန်တီးပါ။ မိမိ အတွက် အရေးကြီးဆုံးအရာကို ရအောင် သင်ယူပါ။ (ဥပမာ ဘာသာစကားလား၊ အတတ်ပညာလား)
  • မိမိ ဟာ လုပ်ငန်းခွင်ထဲမှာ ဘာကြောင့် အရေးပါလဲ ဆိုတဲ့ အချက်ကို ရှာဖွေပါ။
  • စိတ်ရှည်ပါ။ အချိန်ယူပါ၊ စဉ်းစားပြီး လုပ်ပါ၊
  • စိတ်အားထက်သန်မှု နဲ့စေတနာ ကို အလုပ်ထဲမှာ အချိုးကျပေါင်းထည့်ပါ။
March 10, 2020

0 responses on "အမြစ်ခိုင်ပါစေ။ (Focus on root)"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X