Course Reviews
No Reviews found for this course.
Project Management 101 ဆိုတဲ့ အတန်းလေး ကတော့ အခြား သင်ရိုးတွေထက် ပိုမိုထူးခြားပြီး သင်ခန်းစာ ဗီဒီယိုပေါင်း (၉၀) ကျော် ကို လေ့လာကြရမှာ ဖြစ်ပြီး လက်တွေ့ အသုံးချဖို့အတွက် အထူးသင့်လျော်တဲ့ သင်ခန်းစာလေးတစ်ခုဖြစ်ပါတယ်။
Project Management ဆိုတာက
( ၁ ) Project ဆိုင်ရာ အသိပညာ ဗဟုသုတ (Knowledge) ၊
( ၂ ) ကျွမ်းကျင်မှုများ (Skills) ၊
( ၃ ) Tool & Techniques များကို အသုံးချကာ သတ်မှတ်ထားသော Scope / Budget / Schedule ထက် ကျော်လွန်ခြင်း မရှိဘဲ Project ၏ လိုအပ်ချက်များကို ကိုက်ညီ ပြီးစီးအောင်မြင်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ် ။
ဘယ်သူတွေလေ့လာသင့်တာလဲ ?
Project Management ကိုလေ့လာဖို့အတွက် Project တစ်ခုကို ဦးဆောင်နေသူတွေမှ လေ့လာသင့်တာမဟုတ်ပါဘူး။
လူတိုင်းမှာ နေ့စဉ်ဆောင်ရွက်နေရတဲ့ကိစ္စတွေ၊ ကိုယ့်ဘဝတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း တွေ၊ လုပ်ငန်းခွင်မှာ ကိုယ်တာဝန်ယူရတဲ့ အလုပ်တွေ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် Project တွေပဲဖြစ်ပါတယ်။
ဒါကြောင့် Project Management ပညာရပ်ကို လေ့လာသင်ယူပြီး ကိုယ့်အလုပ်တွေ ကိုယ့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကိုက်ညီအောင် သုံးသပ်ကာ လိုအပ်သည့်အချက်များကို ရွေးချယ်အသုံးချမယ်ဆိုရင် သင့်အတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာပဲရှိနေမှာဖြစ်တာမို့ ဘဝအတွက် အလွန်အကျိုးရှိတဲ့ သင်ခန်းစာတစ်ခုကို လေ့လာနိုင်မယ့် အခွင့်အရေးတစ်ခု လက်မလွှတ်ရလေအောင် အခုပဲ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းပြီး အခုပဲလေ့လာကြည့်လိုက်ကြပါနော်။
သင်ခန်းစာများ လေ့လာသင်ယူရာမှာ အဆင်ပြေစေဖို့ အတွက် သင်ထောက်ကူ စာအုပ်ကိုလည်း Digital Copy PDF အနေဖြင့် Download ရယူနိုင်မှာဖြစ်ပါတယ်။
သင်ခန်းစာများကို ပိုမိုနားလည်စေရန်အတွက် Case Study တွေကိုလည်း Document များနှင့် လက်တွေ့လုပ်ဆောင် လေ့လာရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက Online Exam Test ဖြေဆိုကာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် Certificate ကိုလည်းရရှိမှာဖြစ်ပါတယ်။
တနေ့ကိုနာရီဝက်သာလေ့လာရုံဖြင့် PMP ရဲ့အခြေခံသဘောတရားများကိုပိုင်ပိုင်နိုင်နိုင်နားလည်သဘောပေါက်ကာ ပြန်လည်အသုံးချနိုင်သည်အထိ တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။
No Reviews found for this course.