• LOGIN
  • No products in the cart.

ပြောင်းလဲလာသည့် သင်ယူ လေ့လာနည်း တစ်ခု (သို့မဟုတ်) Bite Size Learning

ပြောင်းလဲလာသည့် သင်ယူ လေ့လာနည်း တစ်ခု (သို့မဟုတ်) Bite Size Learning

လူသာ သေ ဆုံးရပ်တန့် သွားမယ် သင်ယူလေ့လာမှု ဟာ ရပ်တန့်မသွားသင့်ဘူး ဆိုတဲ့ စကားလိုပါပဲ ဒီနေ့ လို ခေတ်မျိုးမှာ လူတိုင်းလူတိုင်းဟာ မိမိ တို့ ရဲ့ Professional အတွက် ဖြစ်စေ ကိုယ်ပိုင် ဗဟုသုတ ပညာ တိုး ပွား စေရန်ဖြစ်စေ စဉ် ဆက်မပြတ် သင်ယူလေ့လာမှုများ ကို ပြုလုပ်နေကြပြီဖြစ်ပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ် Generation X တွေခေတ်တုန်းမှာတော့ သင်ယူလေ့လာမှု အတွက် ကျောင်းတွေ သင်တန်းတွေနှစ် ရှည် တက်ရောက်လေ့လာ ကြကာ မိမိ တို့ ရဲ့ သင်ယူလေ့လာမှု နည်းလမ်းအဖြစ် အသုံး ပြု ကြပါတယ်။ ငယ်ငယ်ကလေးဘ၀တုန်းက တက္ကသီလာက ဒီသာပါမောက်ခ ကြီးဆီမှာ သုံးနှစ် သုံးမိုး တပည့် ခံ အလုပ်အကျွေးပြု ကာ ပညာ ဆည်းပူး ရတာတွေကို အိပ်ရာဝင်ပုံပြင်အဖြစ် မှတ်သား ခဲ့ကြဖူးမှာ ဖြစ်ပါတယ်။

ဒီနေ့လို နည်းပညာ အလွန်ထွန်းကားလာပြီး အရာရာ မြန်ဆန်စွာပြောင်းလဲ နေကြတဲ့ ခေတ်ကြီးမှာ တော့ လူတို့ရဲ့ သင်ယူလေ့လာမှု နည်းလမ်းတွေဟာ လမ်းပြောင်းလဲလာပြီဖြစ်ပါတယ်။ မိသားတစ်စု လူကုန်ထွက် ကာ အလုပ်လုပ်နေကြရပြီး လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်တာများလာကြတဲ့ ခေတ်ပေါ်လူသားတို့အတွက် သင်တန်းရက် ရှည် တက်ဖို့ နှစ်ချီ တက်ဖို့ ရာ အခက်အခဲ အဟန့်အတားတွေဖြစ်လာပါတော့တယ်။ ဒီအခါမှာ တိုးတက်လာတဲ့ နည်းပညာကို အသုံးချပြီး လျင်မြန်စွာသင်ယူ တိုးတက်ဖို့ အတွက် bite size learning ဆိုတဲ့ သင်ယူလေ့လာမှု နည်းစနစ်ဟာ ခေတ်စားလာပါတော့တယ်။

Bite size learning ဆိုတာ ဒီနေ့ခေတ်နည်းပညာ အသုံးအနှုန်းဖြစ်တဲ့ Bite, MB, GB စတဲ့ ဖိုင်ဆိုဒ် အသုံး အနှုန်းတွေဖြစ် ကာ Bite Size ဆိုတာကတော့ နည်းပါးလှတဲ့ ပမာဏ ဖြစ်ပါတယ်။ ဗီဒီယို ဖိုင်လိုမျိုးဆိုရင်တော့ ဆယ်မိနစ် အောက်သာ ရှိတဲ့ အနေအထား မျိုးကို ဆိုလိုတာဖြစ်ပါတယ်။

နည်းပညာတိုးတက်လာတာနဲ့အမျှ သင်ကြားမှု များက လဲ online မှ ပို့ချ ကြသလို သင်ယူလေ့လာသူ များကလည်း အချိန်ကုန် ငွေကုန် သက်သာ စွာ မိမိ တို့ ရဲ့ waste time တွေဖြစ်တဲ့ ဘတ်စ် ကားစီး နေချိန် ရထားစီးနေချိန် စတဲ့ အချိန်တွေမှာ တစ်ရက်ကို ဗီဒီယို နှစ်ခု သုံးခု လောက်ကိုသာ သေသေချာချာ လေ့လာ ကြပါတော့တယ်။

တစ်နေ့ကို ဆယ့်ငါးမိနစ် ခန့် ပညာရပ် တစ်ခုခုကို ပုံမှန်လေ့လာမယ်ဆိုရင် သုံးနှစ်ကြာတဲ့ အခါ အဲဒိ ပညာရပ်မှာ ပါရဂု တစ်ဦးဖြစ်လာမယ်ဆိုတဲ့ ဆိုရိုးလိုပါပဲ။

Bite size learning အဖြစ် Bite size video online learning လုပ်ခြင်း ရဲ့ အကျိုးကျေးဇူးတွေက တော့….

၁) သင်ယူလေ့လာမှုပြုလုပ်တဲ့ သင်ယူသူတွေအတွက်ပိုမို ထိရောက်ကာ မှတ်မိလွယ်စေပါတယ်။ ဒါ့အပြင် ပုံမှန်စာ သင်ခန်းတွေမှာ ဆရာတွေ ပို့ချချိန် မိမိ ကအကြောင်းတစ်ခုခု ကြောင့် အာရုံမစိုက် နိုင်တဲ့ အခါတွေ ရှိနိုင်ပေမယ့် Bite size online video တွေကတော့ အချိန်မရွေး ထပ်တစ်လဲလဲ ပြန်လည်ကြည့်ရှု နိုင် ပါတယ်။

၂) သင်တန်းတွေကို တကူးတက သွားနေဖို့ရာမလိုတော့သလို ကားပိတ်တာတွေ ဗိုက်ဆာတာတွေ စိတ်ညစ်စရာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်သလို ကိုယ့်ရဲ့အိပ်ရာထဲကနေ သက်တောင့်သက်သာ လေ့လာ နိုင်ပါတယ်။

၃) ဆယ်မိနစ်စာ ဗီဒီယိုပို့ချချက်လေးဖြစ်သော် လည်း ထိရောက်တဲ့ ပို့ချမှုတွေပါတဲ့အတွက် အနှစ်ချုပ်ဆိုလို ချက်တွေကို အလွယ်တကူ ဖမ်းဆုပ်နိုင်ပါတယ်

၎)အစာ ကို အတုံး အကြီးကြီး ၀ါးမယ်ဆို အလွယ်တကူ မကျေညက်ပဲ အတုံးသေးသေး လေးဆိုရင် တော့ တစ်ချို့ဟာတွေဆို ၀ါးစရာတောင်မလိုပဲ မျိုချလိုက်တာနဲ့ အစာကျေနိုင်သလိုပါပဲ။ လေ့လာ ထားတဲ့ research တွေအရ သင်ယူသူတွေဟာ bite size video တွေရဲ့ ပို့ချချက်တွေကို ပိုမိုကျေညက်ကြတာတွေ့ ရပါတယ်။

၅) အကောင်းဆုံးကတော့ Bite size video တွေဟာ Professional တွေအတွက် Just in-time support ကို ထိထိရောက်ရောက်ပေးနိုင်တာဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းခွင်လိုအပ်ချက်အရ တစ်စုံတစ်ခုကို ချက်ချင်း သိဖို့ လိုလာတဲ့ အချိန်မှာ ပညာရပ် သို့မဟုတ် theory တစ်ခုကို အထိရောက်ဆုံး ပို့ချထားတဲ့ ဆယ်မိနစ်စာ ဗီဒီယို ဟာ အချိန်လေးဆယ်မိနစ်အတွင်း မိမိ ကို ကောင်းကောင်းအထောက်အပံ့ရစေမှာဖြစ်ပါတယ်

ကဲ မိတ်ဆွေ ဒီလောက်အသုံးဝင်လှတဲ့ Bite size online video learning နည်းစနစ်ကို စတင်အသုံး ပြု ပြီး မိမိ ဘ၀ ကို ဆက်လက် တိုးတက်အောင် တည်ဆောက်ကြပါစို့။

အော်…ဒီ လို Bite size video learning ကို ဘယ်ကနေ ရယူ ရပါ့မလဲလို့ စိုးရိမ်နေရင်တော့ course.com.mm ကနေ ၀မ်းမြောက်ဝမ်းသာ အကူအညီပေးပါရစေဗျား။

ကျွန်တော်တို့ရဲ့ course.com.mm မှာ မိတ်ဆွေ လိုအပ်သမျှ Management, technology, business ပိုင်းဆိုင်ရာ ပို့ချမှုတွေကို ရယူနိုင်ပြီဖြစ်သလို မိတ်ဆွေ အတွက် သီးသန့် သိလိုတဲ့ Knowledge နဲ့ ပညာရပ် တွေကိုလဲ တောင်းဆို လို့ရတယ်ဆိုတော့ ကဲ…….. ဘာများ လိုအပ် သေးမလဲဗျာ။

credit to Kaung Hein Soe

July 14, 2018

0 responses on "ပြောင်းလဲလာသည့် သင်ယူ လေ့လာနည်း တစ်ခု (သို့မဟုတ်) Bite Size Learning"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X